မိုးလေဝသခန့်မှန်းချက်
မည်မျှလောက် သေချာသည်၊ မသေချာသည်ကို ခန့်မှန်းချက် ထုတ်ပြန်ရာတွင်
အသုံးပြုထားသည့် စကားလုံးများကို ကြည့်ခြင်းဖြင့်သိရှိနိုင်ပါသည်။
ထို့ကြောင့် မိုးလေဝသ ခန့်မှန်းချက် အသုံးပြုသော ပုဂ္ဂိုလ်အဖွဲ့အစည်းများသည်
ခန့်မှန်းချက်များမည်မျှထိ ရောက်နိုင် သည်ကို အသုံးပြုထားသည့်
စကားလုံးများကို သေချာစွာ လေ့လာရန် လိုအပ်ပါသည်။
၁။ |
ပထမဆင့် ခန့်မှန်းရာတွင် (မည်) ဆိုသည့်စကား ထည့်သွင်းထားပါသည်။
ဥပမာ။ မိုးရွာမည်။ မိုးထစ်ချုန်းရွာမည်။ (သေချာသည့် ရာခိုင်နှုန်းမှာ (၈၀)၊ သို့မဟုတ် ရာခိုင်နှုန်းပြည့်) |
၂။ |
ဒုတိယအဆင့် ခန့်မှန်းချက်တွင် (နိုင်) ဆိုသည့်စကား ထည့်သွင်းထားပါသည်။
ဥပမာ။ မိုးထစ်ချုန်းရွာနိုင်ပါသည်။ (သေချာသည့် ရာခိုင်နှုန်းမှာ (၆၀)) |
၃။ |
တတိယအဆင့် ခန့်မှန်းချက်တွင် (ဘွယ်ရာရှိသည်) ဆိုသည့် စကားထည့်သွင်းထား ပါသည်။
|
(၁) အနှံ့အပြား |
နေရာတိုင်းတွင်
မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပါသည်။
မုန်တိုင်း၊ သို့မဟုတ်
အခြားမိုးလေဝသဆိုးဝါးချက်ကြောင့် ဖြစ်ပါသည်။ မိုးရာသီတွင် မုတ်သုံလေအား
ကောင်းသောအခါများ၌ ဖြစ်ပေါ် ပါသည်။
|
(၂) နေရာစိတ်စိတ် |
(၈၀)ရာခိုင်နှုန်းသော
နေရာတွင်ဖြစ်ပေါ်ပါသည်။
မုန်တိုင်း၊သို့မဟုတ် အခြားမိုးလေဝသ
ဆိုးဝါးချက်ကြောင့် ဖြစ်ပါသည်။ မိုးရာသီတွင် မုတ်သုံလေအား
အသင့်အတင့်ကောင်းသောအခါ ဖြစ်ပါသည်။
|
(၃) နေရာကျဲကျဲ |
(၅၀)
ရာခိုင်နှုန်းသော နေရာတွင် ဖြစ်ပေါ်ပါသည်။
လေပွေလှိုင်းများ၊
မုန်တိုင်းစပေါ်ကာစ အချိန်အခါများ၌ ဖြစ်ပါသည်။ မိုးတွင်းအခါများ
တွင်မုတ်သုံလေ အားပျော့သောအခါများတွင် ဖြစ်ပါသည်။
|
(၄) နေရာကွက်ကျား |
(၃၀)
ရာခိုင်နှုန်းသော နေရာတွင် ဖြစ်ပေါ်ပါသည်။ လေပွေလှိုင်းများ၊
မုန်တိုင်းစပေါ်ကာစ အချိန်အခါများ၌ ဖြစ်ပါသည်။ မိုးတွင်းအခါများ တွင်
မုတ်သုံလေအား အလွန်ပျော့သောအခါများတွင် ဖြစ်ပါသည်။
|
(၅) ပြတ်တောင်း |
မိုးရွာလိုက်၊
ရပ်လိုက်ဖြစ်ပါသည်။
မုန်တိုင်း၊သို့မဟုတ်အခြားသောမိုးလေဝသအခြေအနေများဖြစ်ပေါ်သည့်အခါဖြစ်ပါသည်။ မိုးတွင်းတွင် မုတ်သုံလေအား
ကောင်းပါက ဖြစ်ပါသည်။
|
(၆) ခေတ္တခဏ |
နာရီပိုင်းလောက် ရွာခြင်းဖြစ်ပါသည်။
မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်သည့် အခါ ရွာခြင်းဖြစ်ပါသည်။
|
(၇) တစ်ခါတစ်ရံ |
(၂၄) နာရီအတွင်း (၁)ကြိမ်၊ (၂)ကြိမ်လောက် ရွာခြင်းဖြစ်ပါသည်။
မုတ်သုံလေအား အသင့်အတင့်နှင့် အားပျော့သည့်အခါများ ဖြစ်ပါ သည်။
|
(၈) အနည်းငယ် | (၂၄)နာရီအတွင်းရွာသည့်မိုးရေချိန်မှာ မြန်မာပြည်အလယ်ပိုင်း အတွက် လက်မဝက်ထက်နည်းပြီး၊ ကျန်ဒေသများအတွက် (၁)လက်မထက် နည်းခြင်း ဖြစ်ပါသည်။ |
(၉) အသင့်အတင့် |
(၂၄)နာရီအတွင်းရွာသည့်မိုးရေချိန်မှာ
မြန်မာပြည်အလယ်ပိုင်း အတွက်
လက်မဝက်နှင့် (၁)လက်မခွဲကြား ဖြစ်ပြီး၊
ကျန်ဒေသများအတွက် (၁)လက်မ နှင့် (၃)လက်မကြား ဖြစ်ပါသည်။
|
(၁၀) သည်းထန်မည် | တစ်နာရီတွင်း (၁)လက်မနှင့် အထက်ရွာခြင်းဖြစ်ပါသည်။ |
(၁၁) မိုးကြီးမည် |
(၂၄)နာရီအတွင်း မြန်မာပြည်အလယ်ပိုင်းအတွက် (၁)လက်မခွဲနှင့်
အထက်နှင့် ကျန်ဒေသများအတွက် (၃)လက်မနှင့် အထက်ရွာခြင်း ဖြစ်ပါသည်။
|
(၁၂) နေရာကွက်၍ မိုးကြီးခြင်း |
(၂၄)နာရီအတွင်း
(၃၀)ရာခိုင်နှုန်းသောနေရာတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကို ဆိုလိုပါသည်။
မိုးရေချိန်ပမာဏမှာ မြန်မာပြည် အလယ်ပိုင်းအတွက် (၁.၅)လက်မနှင့်
အထက်ရှိပြီး၊ ကျန်ဒေသများတွင် (၃)လက်မနှင့် အထက်ရရှိခြင်းဖြစ်ပါသည်။
|
(၁၃) ဒေသအလိုက် မိုးကြီးခြင်း |
(၂၄)နာရီအတွင်း
(၅၀)ရာခိုင်နှုန်းသောနေရာတွင် မိုး သည်းထန်စွာ ရွာသွန်းခြင်းကိုဆိုလိုပါသည်။
မိုးရေချိန် ပမာဏ မှာ မြန်မာပြည် အလယ်ပိုင်းအတွက် (၁.၅)လက်မနှင့် အထက်
ရှိပြီး၊ ကျန်ဒေသများတွင် (၃)လက်မနှင့် အထက် ရရှိခြင်း ဖြစ်ပါ သည်။
|
ဘင်္ဂလားပင်လယ်အော်အားပိုင်းခြားဖော်ပြခြင်း
၁။
|
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း
|
လတ္တီကျုအားဖြင့်
(၁၈.၅)
ဒီဂရီနှင့်
အထက်
|
၂။
|
ဘင်္ဂလားပင်လယ်အော်
အနောက်အလယ်ပိုင်း
|
လတ္တီကျုအားဖြင့်
မြောက်လတ္တီကျု
(၁၃) ဒီဂရီ နှင့်
(၁၈.၅)ဒီဂရီအတွင်း၊
လောင်ဂျီကျုအားဖြင့်
အရှေ့လောင်ဂျီကျု
(၈၈.၅)ဒီဂရီ ၎င်း၏
အနောက်ဖက်အပိုင်း
|
၃။
|
ဘင်္ဂလားပင်လယ်အော်
အရှေ့အလယ်ပိုင်း
|
လတ္တီကျုအားဖြင့်
မြောက်လတ္တီကျု
(၁၃) ဒီဂရီနှင့်
(၁၈.၅)ဒီဂရီအတွင်း၊
လောင်ဂျီကျုအားဖြင့်
အရှေ့လောင်ဂျီကျု(၈၈.၅)ဒီဂရီနှင့်
၎င်း၏အရှေ့ဖက်အပိုင်း
|
၎။
|
ဘင်္ဂလားပင်လယ်အော်
အနောက်တောင်ပိုင်း
|
လတ္တီကျုအားဖြင့်
(၁၃)ဒီဂရီနှင့်
၎င်း၏ တောင်ဖက်
အပိုင်း၊
လောင်ဂျီကျုအားဖြင့်
အရှေ့လောင်ဂျီကျု
(၈၆)
ဒီဂရီနှင့်
၎င်း၏
အနောက်ဖက်အပိုင်း
|
၅။
|
ဘင်္ဂလားပင်လယ်အော်
အရှေ့တောင်ပိုင်း
|
လတ္တီကျုအားဖြင့်
(၁၃)ဒီဂရီနှင့်
၎င်း၏ တောင်ဖက်အပိုင်း၊
လောင်ဂျီကျုအားဖြင့်
အရှေ့လောင်ဂျီကျု
(၈၆)
ဒီဂရီနှင့်
(၉၃)ဒီဂရီ
အကြား
|
၆။
|
ကပ္ပလီပင်လယ်ပြင်-
မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့်
၎င်း၏ တောင် ဖက်
|
လတ္တီကျုအနိမ့်ပိုင်း၊
လောင်ဂျီကျုအားဖြင့်
အရှေ့လောင်ဂျီကျု
(၉၃)ဒီဂရီနှင့်
တနင်္သာရီကမ်းရိုးတန်း
အကြားရှိအပိုင်း
|
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်သောမုန်တိုင်းများအားလေတိုက်နှုန်းအရ
အဆင့်သတ်မှတ်ခြင်း
၁။
|
လေဖိအားနည်းရပ်ဝန်း
|
တစ်နာရီလျှင်
လေတိုက်နှုန်း(၃၂)မိုင်နှုန်းနှင့်
၎င်း၏အောက်
လျော့နည်း
တိုက်ခတ်ခြင်း
|
၂။
|
အပူပိုင်းမုန်တိုင်းငယ်
|
တစ်နာရီလျှင်
လေတိုက်နှုန်း(၃၃)မိုင်နှုန်းနှင့်
(၃၈)မိုင်နှုန်းကြား
တိုက်ခတ်ခြင်း
|
၃။
|
အပူပိုင်းမုန်တိုင်း
|
တစ်နာရီလျှင်
လေတိုက်နှုန်း(၃၉)မိုင်နှုန်းနှင့်
(၅၅)မိုင်နှုန်းကြား
တိုက်ခတ်ခြင်း
|
၎။
|
ဆိုင်ကလုန်းမုန်တိုင်း
|
တစ်နာရီလျှင်
လေတိုက်နှုန်း(၅၆)မိုင်နှုန်းနှင့်
(၇၂)မိုင်နှုန်းကြား
တိုက်ခတ်ခြင်း
|
၅။
|
အားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်းကြီး
|
တစ်နာရီလျှင်
လေတိုက်နှုန်း(၇၃)မိုင်နှုန်း
နှင့် အထက်
တိုက်ခတ်ခြင်း
|
၆။
|
အလွန်အားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်းကြီး
|
တစ်နာရီလျှင်
လေတိုက်နှုန်း
မိုင်(၁၀၀)
နှုန်းနှင့်အထက်
တိုက်ခတ်ခြင်း
|
၇။
|
ဟာရီကိန်းတမျှပြင်းထန်သော
အားအလွန်ကောင်းသော
ဆိုင်ကလုန်းမုန်တိုင်းကြီး
|
တစ်နာရီလျှင်လေတိုက်နှုန်း(၁၂၀)မိုင်နှုန်းနှင့်
အထက် တိုက်ခတ်ခြင်း
|
ရွာသွန်းမြဲ/ဖြစ်မြဲ
၁။
|
ရွာသွန်းမြဲ/ဖြစ်မြဲ
-
|
အနည်းဆုံးနှစ်(၃၀)ရှိသောမိုးရေချိန်/အပူချိန်များ၏
ပျမ်းမျှတန်ဖိုး
|
၂။
|
ရွာသွန်းမြဲ/ဖြစ်မြဲ
အထက်
|
ရွာသွန်းမြဲ/ဖြစ်မြဲ၏အထက်
၂၀% နှင့်
အထက်ကျော်လွန်သော
|
၃။
|
ရွာသွန်းမြဲ/ဖြစ်မြဲ
အောက်
|
ရွာသွန်းမြဲ/ဖြစ်မြဲ၏အောက်
၂၀% နှင့် အောက်လျော့သော
|
အပူချိန်သတ်မှတ်ချက်များ
၁။
|
အနည်းငယ်ပို
|
ထိုလ၏ပျမ်းမျှ
အပူချိန်ထက်
(၃)ဒီဂရီစင်တီဂရိတ်မှ
(၄)ဒီဂရီစင်တီဂရိတ်
ထက် ပိုခြင်း
|
၂။
|
သိသိသာသာပို
|
ထိုလ၏ပျမ်းမျှ
အပူချိန်ထက်
(၅)ဒီဂရီစင်တီဂရိတ်မှ
(၆)ဒီဂရီစင်
တီဂရိတ် ထက်
ပိုခြင်း
|
၃။
|
အပူလှိုင်း
|
ထိုလ၏ပျမ်းမျှ
အပူချိန်ထက်
(၇)ဒီဂရီစင်တီဂရိတ်မှ
(၈)ဒီဂရီစင်တီဂရိတ်
ထက်ပိုခြင်း
|
၎။
|
အားကောင်းသောအပူလှိုင်း
|
ထိုလ၏ပျမ်းမျှ
အပူချိန်ထက်
(၉)ဒီဂရီစင်တီဂရိတ်နှင့်
အထက်ပိုခြင်း
|
၅။
|
အနည်းငယ်လျော့
|
ထိုလ၏ပျမ်းမျှ
အပူချိန်အောက်
(၃)ဒီဂရီစင်တီဂရိတ်မှ
(၄)ဒီဂရီ
စင်တီ ဂရိတ်
အောက် လျော့ခြင်း
|
၆။
|
သိသိသာသာလျော့
|
ထိုလ၏ပျမ်းမျှ
အပူချိန်အောက်
(၅)ဒီဂရီစင်တီဂရိတ်မှ
(၆)ဒီဂရီ
စင်တီ ဂရိတ်
အောက်
လျော့ခြင်း
|
၇။
|
အအေးလှိုင်း-
|
ထိုလ၏ပျမ်းမျှ
အပူချိန်အောက်
(၇)ဒီဂရီစင်တီဂရိတ်မှ
(၈)ဒီဂရီစင်တီဂရိတ်
အောက် လျော့ခြင်း
|
၈။
|
အားကောင်းသောအအေးလှိုင်း
|
ထိုလ၏ပျမ်းမျှ
အပူချိန်အောက်
(၉)ဒီဂရီစင်တီဂရိတ်နှင့်
အောက်လျော့ခြင်း
|
ပင်လယ်ပြင်အခြေအနေဖော်ပြချက်
၁။
|
လှိုင်းအနည်းငယ်-
|
ပင်လယ်ပြင်တွင်
လှိုင်းအနည်းငယ်ဖြစ်ပေါ်နေပြီး၊
လှိုင်းအမြင့်မှာ
(၀.၅)မီတာ
နှင့် (၁.၂၅)မီတာအတွင်းရှိပါသည်။
|
၂။
|
လှိုင်းအသင့်အတင့်-
|
ပင်လယ်ပြင်တွင်
လှိုင်းအသင့်အတင့်
ဖြစ်ပေါ်နေပြီး၊
လှိုင်းအမြင့်မှာ
(၁.၂၅)မီတာနှင့်
(၂.၅)မီတာအတွင်းရှိပါသည်။
|
၃။
|
လှိုင်းကြီး-
|
ပင်လယ်ပြင်တွင်
လှိုင်းကြီးနေပြီး၊
လှိုင်းအမြင့်မှာ
(၂.၅)မီတာမှ
(၄)မီတာအတွင်းရှိပါသည်။
|
၎။
|
လှိုင်းအလွန်ကြီး-
|
ပင်လယ်ပြင်တွင်
လှိုင်းအလွန်ကြီးနေပြီး၊
လှိုင်းအမြင့်မှာ
(၄.၀)မီတာမှ
(၆)မီတာအတွင်းရှိပါသည်။
|
မုတ်သုံအင်အားအခြေအနေ
အနောက်တောင်မုတ်သုံကာလအတွင်း
ရခိုင်ကမ်းရိုးတန်း၏
မုတ်သုံအင်အားကိုတွက်ချက်ရာတွင်
စစ်တွေမြို့နှင့်
မော်လမြိုင်မြို့တို့၏
လေထုဖိအားခြားနားချက်(မီလီဘား)
တန်ဖိုးကို
တွက်ချက်၍
အောက်ပါအတိုင်းမုတ်သုံအင်အားအခြေအနေကို
ပိုင်းခြားသတ်မှတ်ပါသည်
-
∆P
≤ ၁.၅ မီလီဘား
|
(အားပျော့)
|
၁.၅
< ∆P ≤ ၃.ဝ
မီလီဘား
|
(အားအနည်းငယ်)
|
၃.ဝ
< ∆P ≤ ၄.ဝ
မီလီဘား
|
(အားအသင့်အတင့်)
|
၎.ဝ
<∆P ≤ ၅.၅
မီလီဘား
|
(အားကောင်း)
|
∆P
> ၅.၅ မီလီဘား
|
(အားအလွန်ကောင်း)
|
တနင်္သာရီကမ်းရိုးတန်း၏
မုတ်သုံအင်အားကို
တွက်ချက်ရာတွင်
မော်လမြိုင်မြို့နှင့်
ကော့သောင်မြို့တို့၏
လေထုဖိအားခြားနားချက်(မီလီဘား)တန်ဖိုးကို
တွက်ချက်၍ အောက်ပါ
အတိုင်း
မုတ်သုံအင်အားအခြေအနေကို
ပိုင်းခြားသတ်မှတ်ပါသည်
-
|
ကမ်းရိုးတန်းတစ်ခုလုံး၏
မုတ်သုံအင်အားကို
တွက်ချက်ရာတွင်
စစ်တွေမြို့နှင့်
ကော့သောင်
မြို့တို့၏လေထုဖိအားခြားနားချက်
(မီလီဘား)တန်ဖိုးကို
တွက်ချက်၍
အောက်ပါ အတိုင်း
မုတ်သုံအင်အားအခြေအနေကို
ပိုင်းခြားသတ်မှတ်ပါသည်
-
∆P
≤ ၂.၀ မီလီဘား
|
(အားပျော့)
|
၂.ဝ
< ∆P ≤ ၄.ဝ
မီလီဘား
|
(အားအနည်းငယ်)
|
၎.ဝ
< ∆P ≤ ၆.ဝ
မီလီဘား
|
(အားအသင့်အတင့်)
|
၆.ဝ
<∆P ≤ ၈.ဝ
မီလီဘား
|
(အားကောင်း)
|
∆P
> ၈.၀ မီလီဘား
|
(အားအလွန်ကောင်း)
|
0 comments:
Post a Comment