နှစ်စဉ် ဇွန် ၂၇ ရက်နေ့ ကို ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုး
ရေးအဖွဲ့ကြီး (FAO) က ''ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့'' အဖြစ် သတ်မှတ်၍
ကမ္ဘာနှင့် အဝန်း သစ်ပင် စိုက်ပျိုးရေး ကို ဆောင်ရွက် ခဲ့ကြသည်။
သစ်တော
သစ်ပင်များသည်လူသားများကို နည်းလမ်း မျိုးစုံဖြင့် အကျိုးပြုလျက် ရှိရာ လူသားတို့အတွက်
အသက်မွေးဝမ်းကျောင်းမှုများဖန်တီးပေးခြင်း၊မျိုးစိတ်များစွာတို့အတွက်ခိုလှုံမှု ပေးခြင်းနှင့် လေကောင်း လေသန့်များ ရရှိစေခြင်း တို့မှာ သိသာ
ထင်ရှားသော သာဓက များပင် ဖြစ်သည်။
အထူးသဖြင့် တိုးပွား လျက်ရှိသော ကမ္ဘာ့
လူဦးရေ အတွက် သစ်တောများကို ကမ္ဘာမြေ၏ အဆုတ်ဟု တင်စားကြသည်။ အကြောင်းမှာ
ကမ္ဘာ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ ၂ဝ ရာခိုင်နှုန်း ခန့်ကို စနစ်တကျ
ထိန်းသိမ်း ထားသည့် သစ်တောများက စုပ်ယူ နိုင်ခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာမြေသည် လူသား အားလုံးနှင့် သတ္တလောက တစ်ခုလုံး၏ နေအိမ်ဟု ပညာရှင်တို့က
ဆိုစမှတ် ပြု ကြသည်။
ကမ္ဘာ မြေပေါ်မှာ မွေးဖွားသည်။ ကမ္ဘာက ကျွေးသည်။ နေစရာ၊
စားစရာ၊ ဝတ်စရာ အရာ မှန် သမျှသည် ကမ္ဘာမြေက ပေးနေသည်။ လူသားများ ထွန်ယက်
စိုက်ပျိုး စားသောက်၍ ရအောင် မြေကောင်း ယာကောင်းများ ကမ္ဘာမြေက ဖန်တီး
ပေးထားသည်။ ယင်းကမ္ဘာ မြေကြီး အစဉ် ရှင်သန် ထွန်းကားပြီး မညစ်နွမ်း
မပျက်စီးအောင် လူသားအားလုံး၌ ထိန်းသိမ်း စောင့်ရှောက် ရန် တာဝန်ရှိသည်။
ဤကမ္ဘာမြေကြီး အတွက် တစ်ခုတည်းသော အားဆေးသည် သစ်တော သစ်ပင်များပင် ဖြစ်သည်။
''ဥတုရာ သီတောကိုမှီ၏'' ဟူသော ဆောင်ပုဒ်အရ ရာသီဥတု ကောင်းမွန်ခြင်းသည်
သစ်တောသစ်ပင်များ အပေါ်တွင် တည်မှီလျက် ရှိသည်။ သစ်တော သစ်ပင်များ
စိမ်းလန်းစိုပြည် နေပါမှ မိုးရွာသွန်း နိုင်၏။ မိုးရွာသွန်းမှလည်း အပင်၊
တိရစ္ဆာန်နှင့် ဇီဝ မျိုးစုံတို့ ရှင်သန် ဖြစ်ထွန်း ကြသဖြင့် ဤကမ္ဘာ
မြေကြီးသည်လည်း ဂေဟစနစ် မပျက် ယွင်းဘဲ ဆက်လက်တည်မြဲ
နိုင်ပေလိမ့်မည်။ထို့အပြင် သစ်တောများသည် သန့်ရှင်းသော ရေ များ ရေရှည်
တည်တံ့ရန် နှင့် အရည်အသွေး ကောင်းမွန်စေရန် ထိန်းသိမ်း ပေးလျက်ရှိသည်။
အထူးသဖြင့် ကမ္ဘာ့ ရေသန့်များ၏ သုံးပုံ နှစ်ပုံသည် ပင်လျှင် သစ်တော
သစ်ပင်များ ဖုံးလွှမ်း ထားသော ရေဝေ ရေလဲများမှ ရရှိနေခြင်း ဖြစ်သည်။
ကမ္ဘာ့
ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး၏ ဆောင်ပုဒ်တစ်ခု
ဖြစ်သော ''သက်ရှိလောက ရေပဓာန'' (Water for Life) ဟူသည့် ဆောင်ပုဒ်မှာ
ထင်ရှားသော ဆောင်ပုဒ်ပင် ဖြစ်သည်။
ရေဝေရေလဲဒေသ
ရေဝေရေလဲ ဒေသ များသည် ကမ္ဘာပေါ်ရှိ ရေအရင်း
အမြစ်တို့၏ အဓိက အရေးပါလှသော ဒေသဖြစ် သည်။
ရေဝေ ရေလဲဒေသ ဆိုသည်မှာ ချောင်း
သို့မဟုတ် မြစ်တစ်ခု အတွင်းသို့ ရေစီးဆင်း စေသော ကုန်း မြေဧရိယာပင်
ဖြစ်သည်။
ထို့ကြောင့် ရေဝေရေလဲ ဒေသသစ်တောကြီးများရှိနေခြင်းကြောင့်ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရေကြီးခြင်း၊ မြေဆီလွှာ တိုက်စားခြင်းနှင့် မုန်တိုင်းကျ
ရောက်ခြင်းမှ အကာအကွယ် ရရှိခြင်း ဖြစ်သည်။
အထူးသဖြင့်ကမ္ဘာ့သစ်တောကြီးများစွာတို့သည်ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော ဒေသကြီးပင်
ဖြစ်သည်။
ယင်းသစ်တောများ၌ ကုန်းမြေကို အခြေပြုသော မျိုးစိတ်တို့၏ သုံးပုံ
တစ်ပုံသည် ရှင်သန်မှု အတွက် အမှီပြုလျက် ရှိသည်။ ယနေ့ ကမ္ဘာ ပေါ်တွင်
အပင်များ၊ တိရစ္ဆာန်များနှင့် မှိုများ၏ မျိုးစိတ်ပေါင်း ၁ ဒသမ ၇၅
သန်းရှိပြီး ဇီဝမျိုးစိတ် သန်း ၁ဝဝ ခန့်ရှိ၍ အများစုမှာ အပူပိုင်း
သစ်တောများ၌ တည်ရှိကြသည်။
ရှေးယခင် ကာလ က ကမ္ဘာ မြေကြီး၏ ၆ဝ ရာခိုင်နှုန်းကို
ဖုံးလွှမ်းထားလျက် ရှိရာမှ ယနေ့မျက်မှောက် ကာလ၌ သစ်တော ဖုံးလွှမ်းမှု
ဧရိယာမှာ ၃ဝ ရာခိုင်နှုန်း ကျော်မျှသာ ရှိနေပြီ ဖြစ်သည်။ ကမ္ဘာ့
သစ်တောကြီးများ ဖုံးလွှမ်းမှုမှာ နှစ် ၁ဝဝ အတွင်း ထက်ဝက်ခန့်နှင့် အမြဲစိမ်း
သစ်တော ဧရိယာ၏ ၉ဝ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်။ ယင်းမှတ်တမ်း များအရ
၁၈၅ဝ ပြည့်နှစ် နောက် ပိုင်း ကာလမှစ၍ သစ်တော ပျက်စီးမှုနှုန်းမှာ သိသိသာသာ
များပြားလာခဲ့ပြီး
အဓိက အကြောင်းအချက် အနေဖြင့်
ဥရောပတိုက်ရှိ
သစ်တောများမှာအက်ဆစ်မိုးရွာသွန်းမှု ကြောင့်လည်းကောင်း၊
ဆိုက်ဘေးရီးယားရှိ
သစ်တော များစွာတို့မှာ သစ်ထုတ်လုပ်မှု များ ပြားခြင်း ကြောင့် လည်းကောင်း၊
အပူပိုင်း မိုးသစ်တော သို့မဟုတ် မုတ်သုံသစ်တော များမှာ ယင်းဒေသများ၌
မှီတင်း နေထိုင်ကြသော လူဦးရေ တိုးပွားမှု အဆမတန် များပြားခြင်း
ကြောင့်လည်းကောင်း ပျက်စီး ပြုန်းတီးခြင်း ဖြစ်ကြောင်း ပညာရှင် တို့က
သုံးသပ်ခဲ့သည်။
ထို့အပြင် ကမ္ဘာ့သစ်တော ကြီးများစွာတို့ကို အခြားမြေများ
အဖြစ်သို့ ပြောင်းလဲ အသုံးပြု ကြခြင်းကြောင့် ၁၈ ရာစုနှစ်မှ ၂ဝ
ရာစုနှစ်အတွင်း ကမ္ဘာ့သစ်တော ဧရိယာ ဟက်တာပေါင်း ၂ ဒသမ ၃၄ ဘီလီယံ
လျော့နည်းခဲ့သည်။
အထူးသဖြင့် ၁၉၉ဝ ပြည့်နှစ်မှ ၂ဝဝဝ ပြည့်နှစ်အတွင်း
နှစ်စဉ် သစ်တောဧရိယာ ဟက်တာ ၉ ဒသမ ၄ သန်းခန့် ဆုံးရှုံး သွားခဲ့သည်။ သစ်တော
ပြုန်းတီး လာမှုကို ၁၉၇၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်း ၂ ရာခိုင်နှုန်း၊ ၁၉၈၉
ခုနှစ်မှ ၁၉၉၈ ခုနှစ် အတွင်း ၇ ရာခိုင်နှုန်းနှင့် ၁၉၉၈ ခုနှစ်မှ ၂ဝဝ၆
ခုနှစ်အတွင်း ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရသည်။
သစ်တော
ပြုန်းတီးခြင်း (Deforestation)
သစ်တော
ပြုန်းတီးခြင်း (Deforestation) ဆိုသည်မှာ သစ်တော ဖုံးလွှမ်းရာ ဒေသ
(Forested Area) အဖြစ်မှ သစ်တော ကင်းမဲ့သော အဖြစ်သို့ ပြောင်းလဲ ရောက်ရှိ
သွားခြင်းပင် ဖြစ်သည်။
ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ တောမီးလောင်ခြင်း၊
တောင်ယာခုတ်ထွင် စိုက်ပျိုးခြင်း၊ ထင်းမီးသွေး အလွန်အကျွံ ဖုတ်ကြခြင်း၊
အိမ်ဆောက်ပစ္စည်း မျိုးစုံပြုလုပ်ရန် သစ်ထုတ်လုပ်မှု များပြားခြင်း၊
လေထုထဲသို့ အဆိပ်အတောက် ပစ္စည်းများ ထုတ်လွှတ် နေခြင်းများကြောင့် ဖြစ်သည်။
သစ်တောပြုန်းတီး ခြင်းကြောင့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်သည့်
ရာသီဥတု ပြောင်းလဲခြင်း (Climate Change) နှင့် ဖန်လုံအိမ် အာနိသင်
(Greenhouse Effect) ဖြစ်ပေါ်မှုများ အပေါ် အကျိုး သက်ရောက်မှု ရှိသွားစေသည်။
အထူးသဖြင့် လေထု အတွင်းသို့ ဖန်လုံအိမ် ဓာတ်ငွေ့ (Greenhouse Gases)
ဖြစ်သည့် ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ် မှု၏ ၂ဝ ရာခိုင်နှုန်းမှ ၂၅
ရာခိုင်နှုန်းသည် ပင်လျှင် သစ်တော ပြုန်းတီးရခြင်း ကြောင့်ပင် ဖြစ်သည်။
သစ်တော ပြုန်းတီးမှုကြောင့် သစ်တော ဂေဟစနစ်များ ပျက်စီးသွားပြီး ရာသီဥတု
ကိုပါ ပြောင်းလဲသွား စေသည်။
ထို့နောက် လူသားတို့ အသက်ရှင် နေထိုင်ရေး အတွက်
ဂေဟ စနစ် ဝန်ဆောင်မှုများ (Ecosystem Services) လည်း ထိခိုက် ပျက်စီးသွား၍
သားငါး ထုတ် လုပ်မှု ကျဆင်းခြင်း၊ စိုက်ပျိုးရေး ဆိုင်ရာ လုပ်ငန်းများ
ထိခိုက်ခြင်း၊ မြေပေါ် မြေအောက် ရေများ ခန်းခြောက်သွားခြင်း၊ ကြောက်စရာ
အလွန်ကောင်းသော ဆူနာမီ ငလျင်ကြီး၊ နာဂစ်ကဲ့သို့  မုန်တိုင်းကြီး၊
လေဆင်နှာမောင်းကြီးများ အစရှိသည့် ဘေးဒုက္ခ အသွယ်သွယ် ကျရောက် လာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများ အနက် သစ်တော ဖုံးလွှမ်းမှု အလွန်
ကောင်းမွန်သော နိုင်ငံဖြစ် သည်။ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုမှာ ၁၉၇၅
ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆ဝ ဒသမ ၈၉ ရာခိုင်နှုန်း၊ ၁၉၉ဝ ပြည့်နှစ်တွင် ၅၇
ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂ဝဝဝ ပြည့်နှစ်တွင် ၅ဝ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂ဝဝ၅
ခုနှစ်တွင် ၄၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၄၆ ဒသမ ၉၆
ရာခိုင်နှုန်းအထိ တဖြည်းဖြည်း လျော့နည်း လာခဲ့သည်။
မြန်မာ နိုင်ငံ၌
အမြဲစိမ်း သစ်တော (Evergreen Forest) ၄၁ ရာခိုင်နှုန်း၊
ရွက်ပြတ် ရောနှောတော
(Mixed Decidutous Forest) ၃၇ ရာခိုင်နှုန်း၊
ခြောက်သွေ့တော (Dry Forest)
၁ဝ ရာခိုင် နှုန်း၊
ဒီရေတော (Mangrove Forest) ၄ ရာခိုင်နှုန်း၊
အင်တိုင်းတော
(Indain Forest) ၅ ရာ ခိုင်နှုန်းနှင့်
ပလပ်မြေ (Fallow Land) ၃
ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ နိုင်ငံသည် ကမ္ဘာ့
ကုလသမဂ္ဂ သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCCD) တွင်
ပါဝင် လက်မှတ် ရေးထိုးခဲ့ပြီး ခြောက်သွေ့တော (Dry Forest) များ တည်ရှိနေသော
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊
မန္တလေးတိုင်း ဒေသ ကြီး၊ မကွေးတိုင်း ဒေသကြီးတို့၌ စိမ်းလန်းစိုပြည်
ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ ယင်းတိုင်း ဒေသကြီးများတွင်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးစီးဌာန တစ်ခု
ဖွဲ့စည်း၍ သစ်တော စိုက်ခင်းများ တည်ထောင်ရေး၊ သဘာဝ တောကျန်များ
ထိန်းသိမ်းရေး၊ ထင်းအစား အခြားလောင်စာ သုံးစွဲရေး၊ ရေရရှိရေး အစရှိသော အဓိက
လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
တစ်ချိန်တည်း
မှာပင် မြန်မာနိုင်ငံ အနေဖြင့်
အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်း (National
Forestry Master Plan- NFMP) ကို ၂ဝ၁၁-၂ဝ၁၂ ခုနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ခုနှစ်အထိ
နှစ် ၃ဝ ကာလ ရေးဆွဲ ပြဋ္ဌာန်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် သစ်တောများ ပြန်လည် ထူထောင်ခြင်း (Reforestation) ကိုလည်း
ထိထိရောက်ရောက် ဆောင်ရွက်နေပြီ ဖြစ်သည်။ မိုးရာသီ အချိန်ကာလသို့
ရောက်ရှိတိုင်း မြန်မာနိုင်ငံ တစ်ဝန်း ပျိုးပင်များ သိန်းရာနှင့် ချီ၍
ဖြန့်ဝေကာ ပြည်သူလူထု လှုပ်ရှားမှု အသွင်ဖြင့် ''မြေဆီစိုခိုက် သစ်ပင်စိုက်''
ဟူသော ဆောင် ပုဒ်နှင့်အညီ စိုက်ပျိုးလျက် ရှိသည်။
ယနေ့ကာလ၌ ကမ္ဘာနှင့်
အဝန်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းသည် အရေးကြီး လာသဖြင့် သဘာဝ
ပတ်ဝန်းကျင် ထိခိုက်စေမည့် လုပ်ငန်းများကို တားဆီးရန်နှင့် သဘာဝ
ပတ်ဝန်းကျင် ကောင်းမွန်စေမည့် လုပ်ငန်းများကို ဆောင်ရွက် လာကြသည်။
နှစ်စဉ်
မိုးရာသီ၌ မြန်မာနိုင်ငံ တစ်ဝန်း လူထု လှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်များ
စိုက်ပျိုးရာတွင် အဓိကအားဖြင့် နှစ်ရှည်ပင် အဖြစ် ကျွန်း၊ ပျဉ်းကတိုး၊
ပိတောက်၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ရေတမာ၊ ပုန်းညက် စသည့် အပင်များကို
စိုက်ပျိုးလျက် ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ပူပြင်း
ခြောက်သွေ့သော ဒေသ များ၌ ရေဝေရေလဲ သစ်တော စိုက်ခင်းများ ထူထောင်
ထားရှိပြီး၊ မန်ကျည်း၊ တမာ၊ ထနောင်း၊ ထန်း စသော အပင်များ
စိုက်ပျိုးဖြစ်ထွန်း စေ ခဲ့သည်။
ကျေးလက် ဒေသနေ ပြည်သူများ၏ အခြေခံ
သစ်တောထွက် ပစ္စည်း လိုအပ်ချက်များ ဖူလုံရေး အတွက် တစ်ရွာ တစ်ဧက၊
တစ်အိမ်ထောင် ယူကလစ် အပင် ၂ဝ စိုက်ပျိုးလျက် ရှိသည်။ နှစ်စဉ် မိုးရာသီ
ကာလအတွင်း နိုင်ငံ တစ်ဝန်းလုံး သစ်ပင် မျိုးစုံသန်း ၃ဝ ကျော် စိုက်ပျိုး
နိုင်ရေးအတွက် သစ်ပင် ပျိုးထောင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
သစ်ပင် စိုက်ပျိုးခြင်းသည် ယခု ဘဝတွင် လောကီ ကောင်းကျိုးများ ရရှိသကဲ့သို့
နောင်သားစဉ် မြေးဆက်အတွက် လက်ဆင့်ကမ်း အမွေခံကောင်းများ ပေးစွမ်းသည့်
လုပ်ငန်း ဖြစ်သည်။ သစ်ပင် စိုက်ပျိုးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊
စိတ်တည်ငြိမ်ခြင်း စသော အကျိုး ကျေးဇူးကို ခံစား ရရှိနိုင်သည်။
''သစ်တောနှင့် သစ်ပင် ချစ်ခင်တဲ့ လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်
ရွှေတိုက်ကိုစိုး''ဟူသော ဆောင်ပုဒ်နှင့် အညီ ပြည်သူအားလုံး သစ်ပင်များ
တိုးချဲ့ စိုက်ပျိုးကြပါက ရေရှည်တွင် အကျိုးများစွာ ဖြစ်ထွန်းမည် ဖြစ်သည်။
ထို့အပြင် ''သစ်ပင်စိုက်ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ'' ဆိုစကားအရ သစ်ပင်
စိုက်ခြင်းသည် လူတို့၏ စိတ်ပင်ပန်း မှုကို ပြေပျောက် လန်းဆန်းစေသည်။ သစ်တော
သစ်ပင်သည် သဘာဝ ပတ်ဝန်းကျင်ကို အေးမြ သာယာပြီး စိမ်းလန်း စိုပြည် စေသည်။
ထို့ကြောင့် မျက်မှောက် ကမ္ဘာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို
အလေးထား ဆောင်ရွက် နေချိန်၌ မြန်မာနိုင်ငံ တွင်လည်း မိမိတို့၏ ဒေသ
စိမ်းလန်းစိုပြည် သာယာရေးအတွက် သစ်တော သစ်ပင်များကို တိုးချဲ့
စိုက်ပျိုးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်
ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက် ရပါသည်။
Source : မြ၀တီ
Toon Boom Harmony Download
ReplyDeletemovavi-photo-editor-crack-2
ReplyDeleteprovides a large number of tools that can perform simple tasks like cropping. It provides filters and effects and the more complex ones, such as basic photo retouching. Supports BMP, PNG, GIF, TIFF, JPEG + JPEG 2000, JPEG-LS, JPEG, DPX profile,
freeprokeys
ReplyDeleteroguekiller-crack
can be just actually really a rather adaptable and vibrant program for discovering and taking away some malware on your machine. It enables one to spot and get rid of all sorts of viruses, for example, most of the hottest dangers.
new crack
ReplyDeletedr fone crack
Project Zomboid
ReplyDeleteCardRecovery Crack
This comment has been removed by the author.
ReplyDeleteWith your presentation, you make it appear so simple, but I find this subject to be one that I believe I will never understand.
ReplyDeleteIt appears to be far too sophisticated and vast for me.
I'm looking forward to reading your future post,
I'll make an effort to grasp it!
av voice changer crack
idm crack serial key
serato dj pro crack
adobe animate cc crack
I went to your website. I admire you and your efforts. I appreciate your efforts.
ReplyDeleteIf you're looking for the most recent edition and what's new, you've come to the right place.
I hope you find this website useful. Thanks!
idm crack serial key
mirillis action crack
daemon tools lite crack
ccleaner professional plus crack
You are so interesting! I don't think I've read anything like this before. It's great to find someone with real ideas on this topic. Indeed ... thank you very much for starting. This site is something needed on the internet, not real!
ReplyDeleteThis is a great blog! Your site is loading too fast!
What type of web server do you use? Can you send me an affiliate link for your web host?
all in one voice changer crack
smart shooter crack
thundersoft flash to html5 converter crack
hotspot shield crack
WPS Office Premium crack creates more unequivocal photographs and makes games, video web based, and media altering smoother. You can likewise appreciate more clear, more excellent sound through the refreshed sound driver.
ReplyDelete
ReplyDeleteI’ve been surfing on the web more than 3 hours today, yet I never found any stunning article like yours.
It’s alluringly worth for me.
As I would see it, if all web proprietors and bloggers made puzzling substance as you did.
the net will be in a general sense more beneficial than at whatever point in late memory.
adobe incopy crack
decsoft app builder crack
blumentals webuilder crack
blumentals rapid crack
grids for instagram crack
varicad crack 2
သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ဖို့ သစ်ပင် စိုက်ကြစို့ - Msmm >>>>> Download Now
ReplyDelete>>>>> Download Full
သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ဖို့ သစ်ပင် စိုက်ကြစို့ - Msmm >>>>> Download LINK
>>>>> Download Now
သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ဖို့ သစ်ပင် စိုက်ကြစို့ - Msmm >>>>> Download Full
>>>>> Download LINK
သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ဖို့ သစ်ပင် စိုက်ကြစို့ - Msmm >>>>> Download Now
ReplyDelete>>>>> Download Full
သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ဖို့ သစ်ပင် စိုက်ကြစို့ - Msmm >>>>> Download LINK
>>>>> Download Now
သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ဖို့ သစ်ပင် စိုက်ကြစို့ - Msmm >>>>> Download Full
>>>>> Download LINK c0
Fortnite torren is an activity shooter endurance game. The game has three arrangements. What’s more, accessible in 3 diverse game modes. Be that as it may, all the arrangements have a similar game motor and ongoing interaction framework.
ReplyDeletePhpStorm Crack This application accompanies every one of the elements of WebStorm,it gives shrewd coding culmination, punctuation featuring, broadened code organizing arrangement, on-the-spot mistake checking, upholds language combinations, and so forth.
Sleek Bill Crack is prepared to help you create intelligent invoices and inventory to create more opportunities to your company. The software can incorporate its more efficient features on MAC and Windows.
I am very thankful for the effort put on by you, to help us, Thank you so much for the post it is very helpful, keep posting such type of Article.
ReplyDeleteExposure X7 Crack
aSc TimeTables Crack
Greate post. Keep writing such kind of info on your blog. Im really impressed by your blog.
ReplyDeleteRollerCoaster Tycoon for Nintendo Switch Crack
eFootball PES 2021
pc tune up crack
flashback crack